Passcape Reset Windows Password - ဝင်းဒိုးပါတ်စ်ဝါဒ့် ဖြုတ်နည်း

Wednesday, May 28, 2014
ကျနော် ဒီ ဝင်းဒိုး ပါတ်စ်ဝါဒ့်ဖြုတ်တဲ့ ISO ဖိုင်လေးကို Upload တင်ထားတာ ရက်နည်းနည်း ကြာပြီ..။ ပိုစ့်ကတော့ ဒီနေ့မှ ပုံတွေယူလို့ အဆင်ပြေတဲ့အတွက် ဒီနေ့မှ တင်ပေးလိုက်ရပါတယ်..။ အသုံးပြုနည်းက အရင်တုန်းက တင်ပေးခဲ့တဲ့ Hiren's Boot CD ဆော့ဝဲလ်ထက် ပိုလွယ်ပြီး၊ ဖိုင်ဆိုဒ်လည်း ပိုသေးငယ်ပါတယ်..။ ဒီ ISO ဖိုင်လေးကို CD or DVD ခွေတွေနဲ့ ခွေကူးပြီး အသုံးပြုနိုင်သလို ၊ ဖုန်းမန်မိုရီကတ်လို USB Devices တွေနဲ့လည်း Bootable ဖြစ်အောင် လုပ်ပြီး အသုံးပြုနိုင်ပါတယ်..။ ကျန်ခဲ့တဲ့ တပါတ်က ကျနော်ပိုစ့်တင်ပေးခဲ့တဲ့ CMD Command ဖြင့် USB Bootable ဖြစ်အောင် လုပ်နည်း ပိုစ့်မှာ ဒီ ISO ဖိုင်လေးနဲ့ လုပ်ပြထားတာဖြစ်လို့ USB တွေနဲ့ အသုံးပြုလိုတဲ့ သူများကတော့ အဲ့ဒီပိုစ့်ကို ပြန်ကြည့်နိုင်ပါတယ်..။ သူ့ရဲ့ မူရင်းဆိုဒ်မှာလည်း CD/DVD တွေနဲ့ USB တွေအတွက် အသုံးပြုလို့ ရအောင် Boot disk creation utility ဆိုတဲ့ နာမည်နဲ့ Tool လေးတခု တင်ပေးထားပါတယ်..။ ဒီဝင်းဒိုး ပါတ်စ်ဝါဒ့်ဖြုတ်တဲ့ ဆော့ဝဲလ် နောက်ဆုံးဗါးရှင်းနဲ့ Boot disk creation utility တူးလေးကို လိုအပ်ရင်တော့ မူရင်းဆိုဒ်မှ ဒေါင်းယူလို့ ရအောင် အောက်မှာ လင့်တွေ ပြန်ချိတ်ပေးထားပါတယ်..။ အခုဒီပိုစ့်မှာ ကျနော်တင်ပေးလိုက်တဲ့ ၊ ကျနော်အဆင်ပြေပြေ အသုံးပြုခဲ့တဲ့ ဒီ Passcape Reset Windows Password ISO ဖိုင်ကတော့ နောက်ဆုံးထွက် မဟုတ်ပါဘူး..။ ဒီ ဝင်ဒိုးပါတ်စ်ဝါဒ့်ဖြုတ်တဲ့ ISO ဖိုင်ကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်ကနေ ဒေါင်းယူပြီး ၊ အသုံးပြုတတ်အောင်ပါ ပုံလေးတွေနဲ့ အောက်မှာ ဆက်ကြည့်လိုက်ပါဗျာ..။ ဖိုင်ဆိုဒ်ကတော့ 115 MB ရှိပါတယ်..။


 Features

    Simple, intuitive graphic interface. No more ugly DOS prompts.
    Resets and modifies passwords of local users and administrators, domain administrator, Active Directory users, DSRM account.
    Enables and unlocks user accounts.
    Disables the password expiry option.
    Resets SYSKEY (with full user passwords re-encryption)
    Advanced password lookup algorithms (Artificcial Intelligence attack, password recovery using Passcape tables, instant password recovery for the most accounts with fingerprint logon, etc.)
    Dumps user password hashes from SAM for further analysis.
    Dumps password hashes from Active Directory.
    Dumps domain cached credentials.
    Supports all versions of NT-based Windows, including the Windows 8.
    All editions include the utility for creating a bootable CD/DVD/USB disk from the downloadable ISO file with the application.
    Supports 64-bit Windows.
    Large collection of IDE, SATA, SCSI, RAID drivers.
    Detects several operating systems installed on the computer.
    Supports non-English versions of Windows and passwords in national encodings.
    Allows undoing changes made to the system.
    Deletes passwords and other sensitive data from the computer.
    Detailed help.



နောက်ဆုံးဗါးရှင်းကိုမှ အသုံးပြုလိုတဲ့ သူများကတော့ မူရင်းဆိုဒ်မှာ ဒေါင်းယူနိုင်ပါတယ်..။ Reset Windows Password (zipped ISO image) - 178 MB
                  
                 

ဒီအောက်ကပုံလေးတွေကတော့ CMD Command ဖြင့် USB Bootable ဖြစ်အောင် အရင်တပါတ်က တင်ပေးခဲ့တဲ့ ပိုစ့်မှ ပုံအနည်းငယ်ပါ..။ ဒီ ISO ဖိုင်ကို ကျနော် ဒီ CMD Command ဖြင့် USB ဘုတေးဘယ်လ် ဖြစ်အောင် ဖန်တီးအသုံးပြုခဲ့တဲ့ နည်းလေးကို အားလုံးပဲ ကျနော့်နည်းတူ အလွယ်အသုံးပြုနိုင်အောင် ဖေါ်ပြပေးလိုက်ရပါသည်..။ CMD Command ဖြင့် USB Bootable ဖြစ်အောင် အစအဆုံးလုပ်နည်းကိုတော့ အဲ့ဒီပိုစ့်မှာပဲ ပြန်လည် လေ့လာကြည့်ပေးပါ..။


ISO ဖိုင်ကို ဖိုင်ဖြည်ပြီးလို့ Open နဲ့ဖွင့်လိုက်ရင် အောက်ကပုံအတိုင်း ဖိုင်တွေ အများကြီး မြင်ရမှာ ဖြစ်ပါတယ်..။ အားလုံးကို Select All ပေးပြီး copy ယူလိုက်ပါ..။ ပြီးရင်တော့ အပေါ်မှာ လုပ်ပြထားတဲ့ Bootable USB ထဲကို paste နဲ့ ထည့်ပေးလိုက်ရင် အားလုံး အဆင်ပြေသွားပါပြီ..။ 


အပေါ်ပုံအတိုင်း copy ယူပြီး..၊ အောက်ကပုံအတိုင်း Bootable ဖြစ်နေတဲ့ USB ထဲမှာ paste ထည့်ပေးလိုက်ပါ..။



အပေါ်ကပုံတွေအတိုင်း Reset Windows Password ဆော့ဝဲလ်ကို USB ဘုတက်ထဲမှာ ထည့်ပြီးလို့ ရှိရင်တော့ အောက်ကပုံတွေအတိုင်း အသုံးပြုနိုင်ပါပြီ..။ ဒီအောက်ကပုံကတော့ ကျနော် ဝင်းဒိုးကို Password ထည့်ပြီး အရင် Lock ချထားလိုက်တာပါ..။


ကျနော် အပေါ်မှာ လုပ်ပြထားခဲ့တဲ့ Reset Windows Password USB ကို စက်မှာ တပ်လိုက်ပါတယ်..။ ပြီးရင်တော့ စက်ကို Restart ချပြီး ကီးဘုတ်မှ F2 , F12 , Esc , Del , F10 စသဖြင့် မိမိတို့စက်ရဲ့ စက်ပါဝါတက်တက်ခြင်း ပေါ်လာတဲ့ ကီးတွေကို ကြည့်ပြီး Boot Setup ထဲကို အရင်ဝင်ရမှာ ဖြစ်ပါတယ်..။ အဲ့ထဲမှာ ကျနော် USB ထဲကို ဝင်လို့ ရအောင် 1st Boot မှာ USB စာသားပါတဲ့ စာကြောင်းလေးကို လိုက်ပြောင်းပေးရမှာ ဖြစ်ပါတယ်..။ အောက်ကပုံကတော့ ကျနော့် စက်မှာ ပေါ်လာတဲ့ ပုံလေးတွေကို ဖုန်းကင်မရာနဲ့ ရိုက်ယူပြီး ဖေါ်ပြပေးထားခြင်းပါ..။ ပုံတွေ နည်းနည်း ဝါးနေပေမယ့် ကြည့်လို့ မြင်ရတဲ့အတွက် ပြပေးလိုက်ခြင်း ဖြစ်ပါတယ်..။ အောက်ကပုံအတိုင်း Boot နေရာမှ ၊ 1st Drive နေရာမှာ USB စာသားပါတဲ့ စာကြောင်းကို ဝင်ပြောင်းပေးလိုက်ရင် ဒီပါတ်စ်ဝါဒ့်ဖြုတ်တဲ့ ဆော့ဝဲလ်ကို အသုံးပြုနိုင်ပါပြီ..။ အောက်က Boot Setup ထဲမှာ တဆင့်ပြီးတဆင့် ဝင်တဲ့အခါမှာတော့ Enter ခေါက်ပြီး ဝင်ရမှာ ဖြစ်ပါတယ်..။ Save ပြီးထွက်တဲ့အခါမှာတော့ ပုံမှာ ဖေါ်ပြထားတဲ့အတိုင်း F10 ကို နှိပ်ပြီး Enter နဲ့ ထွက်ရမှာ ဖြစ်ပါတယ်..။ အခွေနဲ့ အသုံးပြုမယ့် သူများကတော့ USB စာသားနေရာမှာ CD/DVD စာသားပေါ်နေမှာ ဖြစ်ပါတယ်..။ ၄င်း CD/DVD စာသားကို 1st Drive နေရာမှာ ပြောင်းထားပေးလိုက်ရင် အသုံးပြုနည်းက အောက်ကပုံတွေအတိုင်း အတူတူပါပဲ..။



F10 နဲ့ Enter ခေါက်ပြီး ရင်တော့ စက်က Restart ကျပြီး အောက်ကပုံအတိုင်း USB or CD/DVD ထဲကို ဝင်သွားမှာ ဖြစ်ပါတယ်..။ Press any key စာသားပေါ်ခဲ့ရင်တော့ ကီးတခုခုကို နှိပ်ပေးလိုက်ပါ..။


USB or CD/DVD ထဲကို ဝင်သွားတာနဲ့ အပေါ်နဲ့ အောက်ကပုံတွေအတိုင်း မြင်ရမှာ ဖြစ်ပါတယ်..။


ဒီနေရာမှာ ကျနော်တို့ အသုံးပြုမယ့် Setup ကို ရွေးယူနိုင်ပါတယ်..။ ပါတ်စ်ဝါဒ့်ဖြုတ်မှာ ဖြစ်တဲ့အတွက် Reset or Change User Account Password စာသားကို ရွေးပြီး လုပ်ပေးလိုက်ရင် ရပါပြီ..။ အဆင့်ဆင့် Next ပေးပြီး နောက်ဆုံးမှာ Reset/Change စာသားနေရာကို နှိပ်ပေးလိုက်ရင် အဆင်ပြေသွားပါပြီ..။ (Step-4) အဆင့် ၄-ဆင့်ပဲ ရှိပါတယ်..။ အောက်ကပုံလေးတွေမှာ ဆက်ကြည့်နိုင်ပါတယ်..။



အောက်ကပုံနေရာရောက်ရင်တော့ မိမိတို့ ဝင်းဒိုးရဲ့ ပါတ်စ်ဝါဒ့်ဖြုတ်မယ့် User Account ရဲ့ နာမည်ကို မှန်အောင် ရွေးပေးရမှာပါ..။ ပါတ်စ်ဝါဒ့် ထည့်ထားတဲ့ ၊ ရှိတဲ့ အကောင့်ကတော့ အောက်ကပုံအတိုင်း သော့ခတ်ထားတဲ့ ပုံလေးနဲ့ မြင်ရမှာ ဖြစ်ပါတယ်..။ အဲ့ဒီစာသားနေရာကို တချက်နှိပ်ပြီး ၊ စလက်ပေးပြီး ဆက်လုပ်ယုံပါပဲ..။ အောက်ကပုံအတိုင်းပါ..။



အောက်ကပုံအတိုင်း No ပေးလိုက်ပါ..။



အပေါ်ပုံအတိုင်း Successfully စာသားနဲ့ ပေါ်လာရင်တော့ OK ပေးပြီး အောက်ကပုံတွေအတိုင်း Exit နဲ့ ထွက်လိုက်လို့ ရပါပြီ..။ အခုဆိုရင် ကျနော့်ဝင်းဒိုးမှာ ပါတ်စ်ဝါဒ့်ဖြုတ်လိုက်လို့ ရသွားပြီဖြစ်ပါတယ်..။



အပေါ်ပုံမှာ YES ပေးပြီးတာနဲ့ USB ကို အရင် ဆွဲဖြုတ်ပစ်လိုက်ပါ..။ ဒါမှသာ ဝင်းဒိုးတက်လာမှာ ဖြစ်ပါတယ်..။ အောက်ကပုံကတော့ ကျနော့်စက်မှာ ဖြုတ်လိုက်တဲ့ ပါတ်စ်ဝါဒ့် မရှိတော့တဲ့အတွက် Welcome ပြီးတာနဲ့ တခါတည်း Desktop တန်းပေါ်လာပါပြီ..။


အားလုံးပဲ အလွယ်တကူ အသုံးပြုတတ်နိုင်ကြပါစေဗျာ..
                                    DOWNLOAD
Read more ...

DOWNLOAD ANDROID GAME 200MB(100)GAME

Tuesday, May 20, 2014

Open new page>> Braveland_v1.0.1_www.thantoeaung.com.rar DOWNLOAD ara
176.8 MB



                              
DOWNLOAD
Read more ...

nokia,samsung,LG,sonny ဖုန်းတော်တော်များများကိုမြန်မာဖောင့်ထဲလိုရတဲနည်းလေးပါ

Sunday, May 18, 2014
nokia ဖုန်းတော်တော်များများကိုမြန်မာစာထည့် ချင်တဲ့ သူတွေအတွက်ပါ။samsung ,LG , Sonny တစ်ချို့ ဖုနုးတွေအတွက်တောင်ပါပါတယ်။ မြန်မာဖောင့် သွင်းလို့ ရမဲ့ ဖုန်းအမျိုးအစား
များကတော့  

  • Symbian O 9.1
  •  Nokia 3250
  •  Nokia 5500 Sport
  •  Nokia E50
  •  Nokia E60
  • Nokia E61
  • Nokia E61i
  •  Nokia E62
  • Nokia E65
  • Nokia E70
  •  Nokia N71*. Nokia N73
  •  Nokia N75
  •  Nokia N77
  • Nokia N80
  •  Nokia N91
  •  Nokia N91 8GB
  •  Nokia N92
  •  Nokia N93
  •  Nokia N93i
  • Samsung SGH-i570
  • Symbian Os 9.2
  •  LG KS10
  •  LG KT610
  •  LG KT615
  •  Nokia 5700 XpressMusic
  •  Nokia 6110 Navigator
  • Nokia 6120 Classic
  •  Nokia 6121 Classic
  • Nokia 6124 classic
  •  Nokia 6290
  •  Nokia E51*. Nokia E63
  •  Nokia E66
  •  Nokia E71
  •  Nokia E71x
  •  Nokia E90 Communicator
  •  Nokia N76
  •  Nokia N81
  •  Nokia N81 8GB
  •  Nokia N82
  •  Nokia N95
  •  Nokia N95 8GB
  •  Samsung SGH-G810
  •  Samsung SGH-i400
  •  Samsung SGH-i408
  •  Samsung SGH-i450
  •  Samsung SGH-i458
  •  Samsung SGH-i520
  •  Samsung SGH-i550
  • Samsung SGH-i550w
  • Samsung SGH-i560
  •  Samsung SGH-i568
  • Symbian O 9.3
  • Nokia 5320 XpressMusic
  •  Nokia 5630 XpressMusic
  • Nokia 5730 XpressMusic
  •  Nokia 6210 Navigator
  •  Nokia 6220 Classic
  •  Nokia 6650 fold
  •  Nokia 6710 Navigator
  • Nokia 6720 Classic
  •  Nokia 6730 Classic
  •  Nokia 6760 Slide*. Nokia 6790 Surge
  • Nokia C5-00
  •  Nokia E5-00
  • Nokia E52
  •  Nokia E55
  •  Nokia E72
  •  Nokia E73 Mode
  •  Nokia E75
  • Nokia N78
  •  Nokia N79
  • Nokia N85
  • Nokia N86 8MP
  •  Nokia N96
  •  Nokia X5
  •  Samsung GT-i8510 (INNOV8)
  •  Samsung GT-I7110
  •  Samsung SGH-L870
  • Symbian Os9.4
  • (Corresponds to Symbian^1 )
  •  Nokia 5228
  • Nokia 5230
  •  Nokia 5233
  •  Nokia 5235
  • Nokia 5250
  •  Nokia 5530 XpressMusic
  •  Nokia 5800 XpressMusic
  •  Nokia 5800 Navigation Edition
  •  Nokia C5-03
  •  Nokia C6-00
  •  Nokia N97
  •  Nokia N97 mini
  •  Nokia X6
  • *. Samsung i8910 Omnia HD [ 8 ]
  •  Sony Ericsson Satio
  •  Sony Ericsson Vivaz
  • Sony Ericsson Vivaz Pro
  • Symbian^3
  • (or PR1.0,1.1,1,2,Symbian Anna ) 5.2 9.5
  •  Nokia X7
  •  Nokia E6
  •  Nokia 500
  • Nokia 702T
  •  Nokia T7
  •  Nokia C6-01
  •  Nokia C7-00
  •  Nokia E7-00
  •  Nokia N8
  • Symbian^3 (or Symbian Belle )
  •  Nokia 600
  •  Nokia 700
  •  Nokia 701
nokia ဖုန်းတွေကိုမြန်မာစာထည့် သွင်းဖို့ အတွက်ဆိုရင် ဖုန်းကိုအရင်ဆုံး hack ရပါမယ် အဲဒီအတွက် အရင်ဆုံးလိုအပ်တဲ့ ဖိုင်လေးကို  ဒေါင်းလိုက်ပါ။



Download zippyshare   ,  solidfiles 
( အဆင့် ၁. )
-------------------------------------- 

 NortonSymbian.sisx ကို Install လုပ်ပါ။
( အဆင့် ၂ )
----------------------------------------
 NortonSymbian.sisx ကို Install လုပ်ပြီးရင် ဖွင့် လိုက် ပါ.....Options ကိုသွားပါ..Anti-Virus ကိုထပ်သွားပါ..
Quarantine list ကိုရွေးပါ..
( အဆင့်  ၃ )
--------------------------------------------------
Options ကိုနှိပ်ပြီး ..Restore ကိုနှိပ်ပါ..
Yes or No ပေါ်လာရင် Yes ကိုနှိပ်ပါ..ပြီးရင် Exit ကိုနှိပ်ထွက်ပါ..



( အဆင့်  ၄ ) 
------------------------------------------

 ဖုန်း Settings ထဲ Application mgr(manager) ကိုသွား.. ကျလာတဲ့ အထဲက Symantec Symbian H***
ဆိုတဲ့စာတန်းကိုရှာပြီး uninstall လုပ်ပေးပါ..ပြန်ထွက်..
( အဆင့်  ၅ ) 
--------------------------------
 စောစောက ဒေါင်းထားတဲ့ အထဲက RomPatcherPlus_ 3.1 lite.sisx  ကို   install လုပ်လိုက်ပါ..
ပြီးရင် RomPatcherPlus ဆီသွားပြီး ဖွင့်ပါ..Install Server RP+ နဲ့ Open4all RP+ ဖိုင်နှစ်ခုကိုတွေ့ရပါမယ်..
တခုချင်းဆီကိုနှိပ်ပါ.Options ကိုသွားပါ..All Patches ကို နှိပ် Apply ကိုထပ်နှိပ်ပါ..
နောက်ထပ်ဖိုင်တစ်ခုကို လည်း အဲ့ဒီ အတိုင်းလုပ်ပါ..
ပြီးရင် ဖုန်းကို hack တဲ့ အဆင့်ပြီးသွားပါပြီ.
.ဖောင့်ထည့်ဖို့ပဲ လိုပါတော့မယ်..
 
ဒေါင်းလုပ်ယူထားတဲ့ အထဲမှာ မြန်မာ ဖောင့်ဖိုင်ပါပါတယ် ..Memory crad ရဲ့ ကိုယ့်ထည့်ထားတဲ့နေရာ မှာသွားရှာပြီး install လုပ်လိုက်ပါ..ဘာမေးမေး  လုပ်မယ်ပဲ  ဖြေပေးပါ...
ဲပြီးပြီဆိုတာနဲ့ ဖုန်းကို Restart သာချလိုက်ပါ။
pdf file လေးအနေနဲ့ သိမ်းထားမယ်ဆိုရင် DOWNLOAD ယူရန်

Read more ...

WINDOWS 8 Transformation pack 8.1 build 3

Saturday, May 17, 2014

 

 ဒီကောင်လေးကတော့အသစ်ထွက်လာတဲ့ Update Build 3 လေးပါ။အရင်ဟာတွေထက်ပိုပြီးစုံလင်ပါ
တယ်။XP, Vista or Windows 7 သုံးသူတွေအတွက်မိမိဝင်းဒိုးကို Windows 8 ဒီဇိုင်းပြောင်းပေးမယ့်
Windows 8 Transformation Pack ပဲဖြစ်ပါတယ်။Windows 8 themes, wallpaper and logoscreen တွေကအစလှပမှုရှိပါတယ်။portable version လေးဖြစ်တဲ့အတွက်အသုံးပြုရလွယ်ကူပါတယ်။

 

DOWNLOAD 

Read more ...

Auto Rap Latest Version (2.0.2) Android & IOS Free Download

Saturday, May 17, 2014


ကိုယ့်ရဲ့ စကားလုံးတိုင်းကနေ သီချင်းစာသားလေးတွေ အဖြစ်ပြောင်းပေးမဲ့  ထူးထူးခြားခြား Smule Application များထဲမှ Auto Rap ဆိုတဲ့ App လေးကို မိတ်ဆက်ပေးချင်ပါတယ် ။
အရင်ဗားရှင်း အဟောင်းကတည်းက သုံးဖူးတဲ့ သူငယ်ချင်း တွေတော့ Version အဟောင်းနဲ့ အသစ် တော်တော်လေးကွာခြားသွားတာကို သိကြမှာပါ ဗားရှင်း အသစ် က တော့ လုံးဝကို မိုက်တယ်ဗျာ ...

ကဲ ကိုယ့်ရဲ့ ကိုယ်ပိုင် စကားလုံးတွေ ကို Own Creation Song လေးတွေ ဖန်တီးကြရအောင်

                                               DOWNLOAD
Read more ...

Windows 7 Latest Version (Highly COmpressed) | Full Version | 10MB

Sunday, May 4, 2014
Windows 7 Home Premium (Highly COmpressed) | Full Version | 8 MB


windows  ခွေကို 10MB နဲ့ရနိုင်မယ့် လင့်လေးတွေ့လို့ ဒေါင်းပြီး ပြန်မျှဝေပေးလိုက်ပါတယ်
win7 ကြိုက်ကြတဲ့မိတ်ဆွေများ အတွက်ပါ လိုင်းမကောင်းရင်လည်း 10MB လေးဆိုတော့
ဒေါင်းရတာအဆင်ပြေမယ်လို့ထင်ပါတယ် ဒေါင်းပြီးတာနဲ့ zip ဖိုင်ဖွင့်ပြီး ခွေဘန်းလိုက်ရင်ရပါ
ပြီး လိုအပ်တဲ့မိတ်ဆွေများ အောက်မှာဒေါင်းသွားလိုက်ပါခင်ဗျာ....


                             DOWNLOAD
Read more ...